အစ္စရေးက ဟားမက်စ်အဖွဲ့နှင့် တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသဖြင့် ညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးက ဟားမက်စ်အဖွဲ့နှင့် တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာသဖြင့် ညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်း




ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၁၃

လွန်ခဲ့သောသီတင်းပတ်ကုန်တွင် ဟားမက်စ်များက အစ္စရေးအား ရုတ်တရက်တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနေရာများကို တန်ပြန်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းများကြောင့် ဖြစ်ပွားလာသော ကြောက်မက်ဖွယ် ပဋိပက္ခများကို ကြီးကြပ်ကွပ်ကဲရန် အစ္စရေးနိုင်ငံက ညီညွတ်ရေးအစိုးရတစ်ရပ်နှင့် စစ်ပွဲကာလအစိုးရအဖွဲ့တစ်ရပ်ကို အောက်တိုဘာ ၁၁ ရက်၌ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ပွဲကာလအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် လက်ယာယိမ်း အမျိုးသား ညီညွတ်ရေး ပါတီ ခေါင်းဆောင် Benny Gantz နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ အမျိုးသားရေး မဟာမိတ်အစိုးရအဖွဲ့လည်း ပါဝင်သလို အစိုးရအဖွဲ့ဝင်များ၌ ကာကွယ်ရေးဝန်ကြီး Yoav Gallant လည်း ပါဝင်ကြောင်း သိရသည်။

အစ္စရေးနိုင်ငံတွင် အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လုံလောက်သော ကြိုတင်ပြင်ဆင်မှုနှင့် ကြီးကြပ်ကွပ်ကဲမှု ပျက်ကွက်ခဲ့ခြင်းအပေါ် နေတန်ယာဟုနှင့် ၎င်း၏အစိုးရအဖွဲ့အား လူထုဝေဖန်မှုများ မြင့်တက်လာသည့်ကြားမှ ထိုသို့ စစ်ပွဲကာလအစိုးရဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဟားမက်စ်အဖွဲ့က အစ္စရေးနိုင်ငံအား အောက်တိုဘာ ၇ ရက် က ဒုံးကျည်ထောင်ပေါင်းများစွာ ပစ်ခတ်ခြင်း၊ ဂါဇာနှင့် နယ်နိမိတ်ထိစပ်နေသော အစ္စရေးမြို့များမှ မြေပြင်ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခြင်းများ အပါအဝင် ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံကလည်း ပြန်လည်တုံ့ပြန်သောအားဖြင့် လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခတွင် နှစ်ဘက်လုံး၌ သေဆုံးသူအရေအတွက် မြင့်တက်လျက်ရှိပြီး အစ္စရေးဘက်တွင် လူ ၁,၂၀၀ ဦးနှင့် ဂါဇာဘက်တွင် လူ ၁,၂၀၀ အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။ 


Ref - (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)