မိတ္ထီလာခရိုင်တွင် ဒေသခံတောင်သူများအား ချည်မျှင်ရှည်ဝါမျိုးစေ့များ ပြန်လည်ဖြန့်ဖြူးနိုင်ရန် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိူးစေ့ထုတ်စိုက်ဧက ၂၀၀ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ဒေသခံတောင်သူများအား ချည်မျှင်ရှည်ဝါမျိုးစေ့များ ပြန်လည်ဖြန့်ဖြူးနိုင်ရန် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိူးစေ့ထုတ်စိုက်ဧက ၂၀၀ စိုက်ပျိုး


MNP ၊ အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဒေသခံတောင်သူများအား ချည်မျှင်ရှည်ဝါမျိုးစေ့များ ပြန်လည်ဖြန့်ဖြူးနိုင်ရန် မိုးနှောင်းချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၂၀၀ ကို စိုက်ပျိုးထားရှိ ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ ဒေသခံဝါစိုက်တောင်သူများ ချည်မျှင်ရှည်ဝါမျိုးစေ့များ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်စေရန်  ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးပြီး ပြန်လည်ဖြန့်ဖြူးလျက်ရှိသည်။ ယင်းသို့ ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ဧကများ စိုက်ပျိုးထားရှိရာမှ ၂၀၂၃-၂၀၂၄ခုနှစ် မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီး ဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ် ရေချိုကျေးရွာရှိ ကွင်းအမှတ် ၅၃၅ တွင် တောင်သူ ၂၅ ဦးမှ  ရွှေတောင်-၈ ချည်မျှင်ရှည်ဝါ စိုက်ဧက ၄၀ စိုက်ပျိုးထားရှိပြီး မလှိုင်မြို့နယ်တွင် ရေချိုဘူတာကျေးရွာရှိ ကွင်းအမှတ် ၄၄၄ တွင် တောင်သူ ၁၁ ဦးမှ ရွှေတောင်-၁၀ ချည်မျှင်ရှည် ဝါစိုက်ဧက ၃၀ ကို စိုက်ပျိုးထားရှိသည်။ ၎င်းအပြင် သာစည်မြို့နယ် မကျီးခွကျေးရွာရှိ ကွင်းအမှတ် ၁၉၆၃ တွင် တောင်သူ ၂၁ ဦးမှ ရွှေတောင်-၁၀ ချည်မျှင်ရှည်ဝါ စိုက်ဧက ၇၀ စိုက်ပျိုးထားရှိပြီး ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာရှိ ကွင်း(၂)ကွင်းတွင် တောင်သူ ၂၂ ဦးမှ ရွှေတောင်-၈ ချည်မျှင်ရှည်ဝါ စိုက်ဧက ၆၀ အား စိုက်ပျိုးထားရှိသည်။ အဆိုပါ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက (၂၀၀)မှ ထွက်ရှိသည့် ချည်မျှင်ရှည်ဝါမျိုးစေ့များကို ဒေသခံဝါစိုက်တောင်သူများအား ပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)