တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့စာပေးစာယူ (၂/၂၂) ဒုတိယနှစ်နှင့် (၄/၂၃) ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့စာပေးစာယူ (၂/၂၂) ဒုတိယနှစ်နှင့် (၄/၂၃) ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်




MNP ၊ အောက်တိုဘာ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပညာရေးဘွဲ့ စာပေးစာယူ (၂/၂၂)ဒုတိယနှစ်နှင့် (၄/၂၃)ပထမနှစ် တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမများက “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ” သီချင်းဖြင့် သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပညာရေးဘွဲ့ စာပေးစာယူ (၂/၂၂) ဒုတိယနှစ်နှင့် (၄/၂၃) ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲများကို ပညာရေးဒီဂရီကောလိပ်အသီးသီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်း တက်ရောက်လာသည့် ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးဘွဲ့တစ်ခုကိုလည်း ထပ်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးစနစ် မြင့်မားလာသည်နှင့်အမျှ သင်ယူမှု အခွင့်အလမ်းများသည်လည်း များပြားလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် နာသုံးနာကို အခြေခံ၍ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေရေးနှင့် လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြသူများဖြစ်ကြပါ ကြောင်း၊ ပြုပြင် ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာ သင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊  “ဆရာ” ဟူသည် ရှေးနှစ်ပေါင်းများစွာကတည်းက ယနေ့အချိန်အထိ ဆရာပီသစွာ (Life Long Learner) ထာဝရကျောင်းသား အဖြစ် မိမိကိုယ်ကိုခံယူပြီး အစဉ်လေ့လာသင်ယူမှုကို မြတ်နိုး တန်ဖိုးထားသူ (Love for Learning) ဘဝတာတစ်လျှောက် အလေးအနက် အစဉ်လေ့လာ သင်ယူနေသူဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့်  ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရေး လေ့ကျင့် ပျိုးထောင်ပေးကြရန်လည်း လိုပါကြောင်း” တိုက်တွန်း အမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ပညာရေးဘွဲ့စာပေးစာယူ (၂/၂၂) ဒုတိယနှစ် နှင့် (၄/၂၃)ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အလိုက် တက်ရောက်သည့်ဆရာ၊ ဆရာမများ စာရင်းအားတင်ပြခဲ့ပြီး ဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲသို့ တက်ရောက်အားပေးခဲ့ရာ တာဝန်ခံ ဒေါ်ဖြူပြာလွင်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် သုတေသန၊ ထုတ်လုပ် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးကြိုရာသီနှင့် မိုးရာသီတွင် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းများ၊ တောင်သူအခြေပြု သုတေသနလုပ်ငန်းများ တည်ထောင်ထားရှိမှု အခြေအနေနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်၊ ရန်ပုံငွေရရှိမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် တွင် ရရှိခဲ့သော သုတေသနအောင်မြင်မှုများ၊ ထုတ်လုပ်နိုင်ခဲ့သည့် သီးနှံမျိုးများနှင့် နည်းပညာ များအား ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)မှ ပြသထားသည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အကြို တောင်သူကွင်းသရုပ်ပြပွဲနှင့် သုတေသန ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုအားပေးခဲ့ရာ တာဝန်ခံ ဒေါ်ဖြူပြာလွင်မှ ၂၀၂၃−၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် ဆောင်ရွက်ထားရှိသည့် မိုးရေသောက်လယ်စပါး၊ အရည်အသွေးကောင်းစပါး၊ စပ်မျိုးစပါး၊ ရေမြှုပ်ခံစပါးနှင့် ရေနေခံ စပါးသုတေသနများ၊ မျိုးကူးစပ်ခြင်းသုတေသန၊ ပေါ်ဆန်းမွှေးစပါးမျိုးများအား မျိုးသန့်လိုင်း ရွေးချယ်ခြင်းသုတေသန၊ ပေါ်ဆန်းစပါးစိုက်ချိန်စမ်းသပ်ခြင်း သုတေသန၊ ပေါ်ဆန်းအရည် အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးသုတေသန (ပိုက်ဆံလျှော်+ နွားချေး+ သဘာဝ မြေဩဇာ) သုတေသနများနှင့် သုတေသနရလဒ်များအား ရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်က  “ပြောင်းလဲလာသော ရာသီဥတု နှင့် အညီ ဒေသနှင့် ကိုက်ညီပြီး ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသည့်အပြင် အထွက်ကောင်း၍ စျေးကွက်ရှိသည့် စပါးသုတေသနများ၊ ဆီထွက် သီးနှံသုတေသနများ၊ ဟင်းသီးဟင်းရွက်နှင့် နှစ်ရှည်ပင် သုတေသနများအား ဆောင်ရွက် သွားရန်၊ စပါးသီးနှံသာမက အဓိကသီးနှံ (၁၀)မျိုးကိုလည်း ပန်းတိုင်အထွက်နှုန်းများရောက်ရှိ အောင် သုတေသနပြု ဆောင်ရွက်ရန်လိုပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ရာနှုန်းပြည့် မျိုးစပါး များ လွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဆီဖူလုံစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက် သီးနှံများကိုလည်း တိုးချဲ့ စိုက်ပျိုးရန်နှင့် အောင်မြင်အောင် စိုက်ပျိုးနိုင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ ပိုမို တိုးတက်စေရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ သပြေချောင်ကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈)ဘီလီယံမှ သွင်းအားစု ထောက်ပံ့ငွေနှင့် မြမျိုးသန့် သမဝါယမအသင်းပိုင်ရန်ပုံငွေမှ ချေးယူငွေများဖြင့် ဆောင်ရွက်ပြီး ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ မြေခံထည့်သွင်းစိုက်ပျိုးထားသည့် တောင်သူ ဦးဝင်းသိန်း၏ စိုက်ဧက(၃)တွင် ပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (ဆင်းသုခ) မျိုးစပါး စံကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက မြောင်းမြ မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးစပါး (RS to CS) မျိုးစေ့ထုတ်ဧက (၂၀) သီးသန့်စိုက်ပျိုးသည့် တောင်သူများနှင့် စိုက်ဧကများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မျိုးကောင်းမျိုးသန့် မျိုးစပါးများ ရာနှုန်းပြည့်လွှမ်းခြုံနိုင်စေရေး ပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ တောင်သူများ မျိုးသန့် မျိုးစပါးများတွင် ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားခဲ့ပြီး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၃) ဧကမျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ တောင်သူ ဦးဝင်းသိန်း၏ စိုက်ဧက(၃)ဧကတွင် ရိတ်သိမ်း ခြွေလှေ့စက်ဖြင့်ရိတ်သိမ်းရာ တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၁၁၀)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)