သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်နှင့် ဆေးဝါးများ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်နှင့် ဆေးဝါးများ သွားရောက်လှူဒါန်း








MNP ၊ အောက်တိုဘာ    ၁၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ညွန့်နှင့် အဖွဲ့ဝင် များသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ပဲခူးမြို့နယ် ကျောက်ကြီးစုရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၀၀၀)အတွက် လိုအပ်နေသော အစားအသောက်များ၊ ဆေးဝါးများနှင့် အဝတ်အထည်များ စုစုပေါင်းတန်ဖိုး ငွေကျပ်(၅၆)သိန်းခန့်ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အနေဖြင့် ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏ သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန် လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင် သွားကြ ရန်၊ ဒေသတွင်း၌ ဘာသာရေးပဋိပက္ခများ(သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ် ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေးနှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသားကြန်အင်လက္ခဏာကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်း ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဘာသာရေးနှင့်ဆက်နွယ်သော အခြားနစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီ ဖြစ်စေရေး အတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)