သင်္ဃန်းကျွန်းခရိုင် ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အသက်၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ဃန်းကျွန်းခရိုင် ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အသက်၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP ၊ အောက်တိုဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အသက်၂၅နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃နာရီက သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်္ဃန်းကျွန်းခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားလာပြီး အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ခရိုင်နှင့် မြို့နယ်အဆင့်တို့တွင်  ဘောလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက အဆိုပါဘောလုံးပြိုင်ပွဲအား ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ဘောလုံးအသင်း(၄)သင်းက ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲအား နိုင်ဝင်ဘာ ၄ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်၍ အဆိုပါအသင်း (၄)သင်းမှ ပွဲစဉ်အများဆုံးအသင်းအား ဗိုလ်လုပွဲတက်ရောက်ရမည်ဖြစ်‌ကြောင်းနှင့် ပြိုင်ပွဲပွဲစဉ်များအား တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းတွင် ဆောင်ရွက်သွားမည်ဖြစ်၍ ဆုများအနေဖြင့် ပထမဆု၊ ဒုတိယဆုနှင့် နောက်လိုက်အကောင်းဆုံးဆုများကိုသာ ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့သည်။


ယင်းနောက် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က ပြိုင်ပွဲဝင်အားကစားသမားများသည် အသက်၂၅နှစ် အောက်အတွင်း ဘောင်ဝင်ဖို့ လိုကြာင်းပြောကြားခဲ့ပြီး တာမွေ၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ သင်္ဃန်းကျွန်းမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ၊ အသင်းအုပ်ချုပ်သူများ၏ တင်ပြချက်များကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)