မိုင်းပန်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြ ကွင်းဆင်းဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနက အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသုမောင်က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေများကို ကျောင်းသား/သူများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်သားများက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ မီးသတ်ကားဖြင့် မီးငြိမ်းသတ်နည်း၊ ဟိုက်ဒရောရစ်စက်ဖြင့် သံဖြတ်နည်း၊ အသက်ကယ်ဝတ်စုံ ဝတ်ဆင်နည်းနှင့် (BA Set) အရေးပေါ်အသက်ကယ် ပစ္စည်းတပ်ဆင်နည်းအစရှိသည်တို့ကို သရုပ်ပြကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။


နော်မှိုင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)