နောင်တရားဒေသ၌ ဆောင်းကြက်သွန်ဖြူ စတင်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားဒေသ၌ ဆောင်းကြက်သွန်ဖြူ စတင်စိုက်ပျိုး




MNP ၊ အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းကြက်သွန်ဖြူ စတင်စိုက်ပျိုး လျက်ရှိသည်။


“ယခုနှစ်မိုးများတော့ ကြက်သွန်ဖြူကို စောစောမစိုက်ရဲဘူး မိုးများရင် ရောဂါများတယ် ကြက်သွန်ဖြူက ရေမကြိုက်ဘူး ယခုချိန်ထိ မိုးများနေတုန်း မိုးရေခိုတော့ ကြက်သွန်ဖြူထိပ်ဖျား ဖြူတာပေါ့ ကြက်သွန်ဖြူက ကုန်ခြောက်ဖြစ်လို့ လှောင်ကုန်လည်း လုပ်လို့ရတယ် ကြိုက်တဲ့အချိန် ရောင်းလို့ရပါတယ် ကြက်သွန်ဖြူ စိုက်ပျိုးတဲ့နေရာမှာ သဘာဝမြေဆွေးကို များများသုံးနိုင်ရင် ဓါတ်မြေဩဇာ ကုန်ကျစရိတ်ကို လျော့လို့ရတယ် ကြက်သွန်ဖြူက နှင်းကို အင်မတန် ကြိုက်ပါတယ် တောင်သူတစ်ဦးနှင့်တစ်ဦး စိုက်ပျိုးတဲ့ နည်းစနစ်တွေတော့ မတူဘူးဗျ” ဟု နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်မှ ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးက ပြောသည်။


ကြက်သွန်ဖြူကို မိုးတစ်ပိုင်း၊ ရေသွင်းတစ်ပိုင်း စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် စိုက်ပျိုးကြပြီး နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများက နောင်တရားချောင်းနှင့် မြေအောက်ရေများကို အသုံးပြု၍ စိုက်ပျိုးကြသည်။ နောင်တရားဒေသထွက် ကြက်သွန်ဖြူများကို အောင်ပန်းကုန်စည်ဒိုင်များသို့သာ တင်ပို့ရောင်းချကြပြီး အောင်ပန်းကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာ ၇၄၀၀ကျပ်၊ ထူး ၂ တစ်ပိဿာ ၇၈၀၀ကျပ်၊ ထူး ၃ တစ်ပိဿာ ၈၂၀၀ကျပ်၊ ထူး ၄ တစ်ပိဿာ ၈၆၀၀ကျပ်၊ ထူး ၅ တစ်ပိဿာ ၈၈၀၀ကျပ်၊ ထူးလွန် တစ်ပိဿာ ၉၀၀၀ကျပ်ဖြစ် အရောင်းအဝယ် ပြုလုပ်နေကြသည်။ နောင်တရားမြို့အနီး ပတ်ဝန်းကျင်ဒေသအတွင်း ကြက်သွန်ဖြူစိုက်ဧကပေါင်း (၁၆၄၂)ဧကရှိကြောင်း နောင်တရားမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။


ခွန်အောင်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)