MNP ၊ အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်တွင်ပါရှိသည့် စာကြည့်တိုက်ပညာ၊ စာကြည့်တိုက်အမျိုးအစားများ၊ ထူးခြားသည့်ဝိသေသများ၊ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးစသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးဦးဝင်းမင်းစိုးက စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားစနစ်၊ စစ်ဆေးခြင်းနှင့်ထိန်းသိမ်းခြင်းလုပ်ငန်း အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment