MNP ၊ အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယနေ့ နေ့လည်(၁)နာရီအချိန်က နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုး သတ်
မှတ်ချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရုပ်/သံကျွမ်းကျင်-၃ ဦးအောင်သိန်းဝေက အခန်း(၃)မှ ပြည်သူဗဟိုပြု နိုင်ငံ့ဝန်ထမ်း များဖြစ်လာစေရန်ကတိကဝတ်ပြုခြင်းခေါင်းစဉ်ပါအကြောင်းအရာများဖြင့်လည်းကောင်း၊ ဓါတ်ပုံကျွမ်းကျင်(၂)ဦးထွန်းလင်းကျော်က အခန်း(၄)မှ လုပ်ငန်းတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တိကျ မှန်ကန် မြန်ဆန် ထိရောက်စွာဆောင်ရွက်ခြင်း ခေါင်းစဉ်ပါအကြောင်းအရာများအားလည်းကောင်းအပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်နှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်း အားဖြင့် ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများကို ပိုမိုသိရှိနိုင်မည်ဖြစ်ပါ သည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment