ပြည်နယ်လူမှုရေးဝန်ကြီး ဗန်းမော်မြို့၌ ပြုလုပ်သည့် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်လူမှုရေးဝန်ကြီး ဗန်းမော်မြို့၌ ပြုလုပ်သည့် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်






MNP ၊ အောက်တိုဘာ ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက မြို့မရဲစခန်းဝင်းအတွင်းရှိ ရဲသီဟခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်း က (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်း၊ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထွဋ်ခေါင် နှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိဆု၊ မှုခင်းဖော်ထုတ်ဖမ်းဆီးရမိမှုများ၌ ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ပြုလုပ်ခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲနိုင်ဦး က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပညာရေးမှူး ဦးခင်မောင်ထွေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲနိုင်ဦး နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်ဖွဲ့ဝင်များ၏ သားသမီးများအား ဆုချီးမြှင့်ခြင်း၊ ရဲတပ်သားသစ်အများဆုံးစုဆောင်းရရှိသည့် တပ်ဖွဲ့/မြို့နယ်များအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိဆု၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြခန်းဆု၊ နေအိမ်လိုင်းခန်းသန့်ရှင်းရေးဆုနှင့် မှုခင်းဖော်ထုတ်ရာတွင် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ဗန်းမော်မြို့၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်သိန်း ကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အဖြစ် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား ဆန်၊ဆီ၊ဆား၊ကြက်သွန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)