ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံရေးပါတီများရှိ ပါတီဝင်အားအားစိစစ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံရေးပါတီများရှိ ပါတီဝင်အားအားစိစစ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းစည်းဝေး



MNP ၊ အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် နိုင်ငံရေးပါတီများ၏ စာရင်းရှိပါတီဝင်အင်အားနှင့် မြေပြင်တွင် အမှန်တကယ်ရှိ ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးတွေ့ရှိချက်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်း ဆွေးနွေးခြင်းကို၊ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဇင်မောင်က နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရသည့်အကြောင်းကို ရှင်းလင်းပြောကြားပြီး၊ နိုင်ငံရေးပါတီများ၏ စာရင်းပေါက် ပါတီဝင်အင်အားနှင့် မြေပြင်တွင် အမှန်တကယ်ရှိ ပါတီဝင်အင်အားအခြေအနေ၊ သေဆုံးဦးရေနှင့် စာရင်းထပ်ပါဝင်နေသည့်ဦးရေများနှင့် စာရင်းပိုပါဝင်နေသည့်ဦးရေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပါတီဝင်အင်အားစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတို့က ပါတီဝင်စာရင်း တိုက်ဆိုင်စစ်ဆေးမှုနှင့် တွေ့ရှိချက်အခြေအနေများကို ထပ်ဆင့်ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးဝင်းမြင့်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တာဝန်ရှိသူများက မိမိတို့ပါတီအလိုက် စာရင်းပေါက်အင်အားစာရင်းနှင့် သေဆုံး/နှုတ်ထွက်စာရင်းများ၊ အမည်ထပ်စာရင်းများပါရှိနေမှုနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိက အမှန်တကယ်တွေ့ရှိသည့် ပါတီဝင်အင်အား စာရင်းများအပေါ် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးပါတီဟူ၍ (၂)ပါတီသာရှိ၍ ၎င်းတို့၏ စည်းရုံးရရှိထားသည့် ပါတီဝင်အားအားစာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးမှုလုပ်ငန်းများကို စက်တင်ဘာလ ပထမပတ်မှ စက်တင်ဘာ နောက်ဆုံးပတ်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးဇင်မောင်နှင့်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်မင်းဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)