လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ညောင်ဦးမြို့(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ညောင်ဦးမြို့(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ



MNP ၊ အောက်တိုဘာ  ၄

ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်လျက် ညောင်ဦးမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံ ပညာအထက်တန်းကျောင်း(မြို့မ) စုပေါင်းခန်းမ၌ လူငယ်စကားဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ညောင်ဦးမြို့နယ် မြို့နယ်(ခေတ္တ)ပညာရေးမှူး ဒေါ်တင်တင်ဝင်းက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ပြည့်စုံစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ လာရောက်ကာ ပူးပေါင်းဆောင်ရွက်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများမှလည်း လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြမည့် ကျောင်းသား/ကျောင်းသူများ၏ ဆွေးနွေးပြောကြားမည့် ခေါင်းစဉ်များကိုလည်း မှတ်သားလိုက်နာစေလိုကြောင်း အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး)က မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုနိုင်ရေး ကျောင်းစာတွင်သာမက ပြင်ပစာပေဗဟုသုတများကိုလည်း ဖတ်ရှုလေ့လာပြီး ယခုလို လူငယ်စကားဝိုင်းများတွင် မိမိတို့၏အတွေ့အကြုံများ ပြန်လည်မျှဝေပေးကြရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သူဇာစိုး (ဦးစီးအရာရှိ)က ဦးဆောင်ကာ လူငယ်စကားဝိုင်းပြုလုပ်ရာ မောင်ကောင်းခန့်ထွန်း (Grade-10)  က လူငယ်နှင့်ယဉ်ကျေးမှု၊ မယွန်းမီမီမော် (Grade-7) က လူငယ်နှင့်စာပေ၊ (Grade-9) က လူငယ်နှင့်သဘာဝပတ်ဝန်းကျင်၊  မလရိပ်မေ(Grade–9)က လူငယ်နှင့်ကျန်းမာရေး၊ မောင်ဘုန်းဆက်မိုးအောင် (Grade -9) က လူငယ်နှင့်အားကစား၊ မသင်းသဇင်ဝင်း (Grade -8) က လူငယ်နှင့်မူးယစ်ဆေး၊ မောင်ကျော်ဇင်ဦး (Grade-8)က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်စဉ်တို့ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးခဲ့သည့် ကျောင်းသား/ကျောင်းသူများက ခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)