MNP ၊ အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ စစ်တှေခရိုငျ၊ပေါကျတောမွို့နယျပွနျကွားရေးနှင့ျပွညျသူ့ဆကျဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယနေ့ ညနေပိုင်းတွင် ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဦးမြဝါပန်းခြံသို့ Mobile Library စနစ် ဖြင့် ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးကြသည်။
ထို့ပြင် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများအတွက် သုတ/ရသစာအုပ်စာစောင်များအား အပတ်စဉ် Mobile Library စနစ်ဖြင့် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment