တာချီလိတ်မြို့တွင် ကယ်ရီမောင်းသူကို ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် ကယ်ရီမောင်းသူကို ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ်





MNP ၊ အောက်တိုဘာ ၄

တာချီလိတ်မြို့၊ ရွှေတာချီလူမှုကူညီရေးအသင်း ၏ အခါဈေးဂိတ်မှ အသင်းသား (၈၃၅)‌ဦးဇော်လင်းဦး ထံမှ ယမန်နေ့ က ခရီးသည်မှ ဓါးဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပါသည်။

ရွှေတာချီလူမှုကူညီရေးအသင်း၏ အခါဈေးဂိတ်မှ အမှတ်(၈၃၅) ဦးဇော်လင်းဦးအား ခရီးသည်တစ်ဦးမှ မယ်လိပါကော်ရွာသို့ပို့ ဆောင်ပေးပါရန် ငှားရမ်းရာ ခရီးသည်အား တင်ဆောင်၍ ပို့ဆောင်ပေးခဲ့ရာ ခရီးသည်ပို့ဆောင်ခိုင်းသော မယ်လိပါကော်ရွာမရောက်ခင် တံတားအသစ်နေရာ၌ ၎င်းခရီးသည်မှ နောက်ကျောကိုဓါးဖြင့်ထိုးပြီး လည်ပင်းအား ဓါးဖြင့်လှီးဖြတ်၍ ဆိုင်ကယ်လုယူရန် ကြိုးပမ်းခဲ့ကြောင်း၊ နောက်ကျောဓါးထိုးဒဏ်ရာ ထိခိုက်ခံရသော်လည်း လည်ပင်းအား ထိခိုက်မှုမခံရပဲ မေးစေ့အောက်ပြတ်ရှဒဏ်ရာသာ ထိခိုက်ခံရပြီး ဦးဇော်လင်းဦးမှ ပြန်လည် ခုခံတိုက်ခိုက်ခြင်းကြောင့် ခရီးသည်မှာ ထွက်ပြေးတိမ်း‌ရှောင်သွားပြီး ဆိုင်ကယ်လုယူခံရခြင်းမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ 

ဦးဇော်လင်းဦး သည် ဒဏ်ရာဖြင့်ပင် အားတင်းကာ ဆိုင်ကယ် ပြန်လည်မောင်းနှင်လာပြီး မယ်ယန်းဆေးခန်း အနီးသို့ရောက်ရှိလာကာ ရွှေမယ်ယန်းပရဟိတအသင်းမှ ဦးဇော်လင်းဦး ကို ပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အခါဈေးဂိတ် အသင်းသားတစ်ဦးမှ ရွှေတာချီအသင်းရုံးသို့ သတင်းပေး အကြောင်းကြားသဖြင့် ဥက္ကဋ္ဌ ဦးဘိုစံနှင့် ကော်မတီဝင်အဖွဲ့တို့သည် နယ်မြေခံရဲစခန်းမှူး၊ နယ်ထိန်းတို့အား ဆက်သွယ်အကြောင်းကြား၍ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြပြီး မိုင်းကိုးပြည်သူ့စစ်အဖွဲ့နှင့် ရွှေမယ်ယန်းပရဟိတအဖွဲ့တို့ပါဝင်၍ ဓါးဖြင့် တိုက်ခိုက်လုယက်သူ ခရီးသည်အား ကွင်းဆင်းရှာဖွေ စစ်ဆေးခဲ့ကြသော်လည်း လုယက်သူ ခရီးသည်အား ရှာဖွေတွေ့ရှိရခြင်းမရှိသေးကြောင်း သိရှိရပါသည်။ 

ရွှေတာချီအသင်း ဥက္ကဋ္ဌ ဦးဘိုစံ နှင့် ကော်မတီဝင်အဖွဲ့တို့သည် ဓါးထိုးတိုက်ခိုက်ခံရသော ဦးဇော်လင်းဦးအား ပြည်သူ့ဆေးရုံကြီး၌ သွားရောက်တွေ့ဆုံပြီး လူနာအ‌‌ခြေအနေမေးမြန်းပြီးနောက် ဆေးကုသစရိတ်အနေဖြင့် (၃၀၀၀)ဘတ်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။

 

ဓာတ်ပုံ - ရွှေတာချီလူမှုကူညီရေးအသင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)