ဗန်းမော်မြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်






MNP ၊ အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၂၀ ရက် နေ့လည် ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ကြီး ဦးလောင်းထန်က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူးလှမြင့်ဦး က မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ရန်နောင်စိုး က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဝင်းတင့် က ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွေးနွေးထွန်း က ကလေးသူငယ်အခွင့်အရေးများ ကျင့်ဝတ်စည်းကမ်းများနှင့် တာဝန်ဝတ္တရားများကိုလည်းကောင်း၊ မြို့နယ်အားကစားမှူးဦးသက်ပိုင်ထွန်း က အားကစားနှင့်ကာယပညာသိပ္ပံအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း   အသိပညာ ပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများလှူဒါန်းပေးအပ်ရာ ကျောင်းအုပ်ကြီးဦးလောင်းထန် က လက်ခံရယူခဲ့သည်။

ယင်းနောက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက Physical fitness dance အကဖြင့် သရုပ်ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ လိုက်ပါကခုန်ကစားခဲ့ကြောင်း ၊ အဆိုပါဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ (၁၀၅)ဦးနှင့် ဆရာဆရာမ (၁၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)