ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း၏ လူမှုတာဝန်ယူမှုမှ ပေးအပ်လှူဒါန်းသော ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်များ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း၏ လူမှုတာဝန်ယူမှုမှ ပေးအပ်လှူဒါန်းသော ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်များ လွှဲပြောင်းပေးအပ်ပွဲကျင်းပ



MNP ၊ အောက်တိုဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာအုပ်စု အင်းမကျေးရွာတွင် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဝေရေး စီမံကိန်း၏လူမှုတာဝန်ယူမှု (Corporate Social Responsibility – CSR) မှ ပေးအပ်လှူဒါန်းသော ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်များ လွဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က အင်းမကျေးရွာတွင် ကျင်းပခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။


လွှဲပြောင်းပေးအပ်ပွဲတွင် မိတ္ထီလာမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးက ဒေသခံပြည်သူများအတွက် သန့်ရှင်းသည့်သောက်သုံးရေဖူလုံစေရေးနှင့် မိုးရေစုဆောင်းအသုံးချသည့် အလေ့အကျင့်တိုးပွားစေရန် ရည်ရွယ်၍ အမိုးဧရိယာအနည်းဆုံး စတုရန်းပေ(၁၅၀၀) မရှိသည့် ကျေးရွာများနှင့် အမှန်တကယ် ရေလုံလောက်မှုမရှိသည့် ကျေးရွာများတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နေအိမ်အလိုက် ဂါလံ ၂၀၀ ဆံ့ မိုးရေခံကွန်ကရစ်ကန်များအား အိမ်ထောင်စုအားလုံးအတွက် ပြုလုပ်ပေးလျက်ရှိသည်။ ယင်းသို့ ပြုလုပ်ပေးလျက်ရှိရာ မိတ္ထီလာမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center(CCC)၏ တောင်အာရှနှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ)တွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဝေရေးစီမံကိန်း၏ လူမှုတာဝန်ယူမှု (Corporate Social Responsibility – CSR)မှ ပေးအပ်လှူဒါန်းသော  ဂါလံ ၂၀၀ဆံ့ မိုးရေခံ ကွန်ကရစ်ကန် အလုံး(၁၄၀)အား မြို့နယ်အတွင်းရှိ ရေဝေကျေးရွာအုပ်စု အင်းမကျေးရွာမှ အိမ်ထောင်စုဝင်များအား လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်း၊ မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးနှင့် တာဝန်ရှိသူများက ဂါလံ ၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန်များအား အင်းမကျေးရွာမှ အိမ်ထောင်စုဝင်များ လွှဲပြောင်း ပေးအပ်ခဲ့သည်။


အဆိုပါ ဂါလံ ၂၀၀ဆံ့ မိုးရေခံကွန်ကရစ်ကန်များ လွဲပြောင်းပေးအပ်ပွဲကို မိတ္ထှီလာခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်း၊ မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)