ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဆိုလာရေသန့်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း၊ ဆိုလာရေသန့်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်


MNP ၊ အောက်တိုဘာ  ၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဆိုလာရေသန့် စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆင်ချီတိုင်ကျေးရွာအုပ်စု  ဆားတောင်ကျေးရွာ၊ ဗြင်ကြီးကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာ၊ ရာသင်္ချာကျေးရွာအုပ်စု ရာသင်္ချာကျေးရွာ၊ တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာ၊ ရွှေတောင်ကျေးရွာအုပ်စု ရွှေဂံကျေးရွာ၊ ထီးလှိုင်ကျေးရွာအုပ်စု ထီးလှိုင်အနောက်ကျေးရွာတို့တွင် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေ ၄၅ သန်းတို့ဖြင့် ဇူလိုင်လမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှ  တောင်ဘိုကျေးရွာအုပ်စု တောင်ဘိုကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀)နှင့် ပြည်သူထည့်ဝင်ငွေ ၄၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းအား အရှည်ပေ ၅၅၀၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆိုလာရေသန့်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ ၁၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါလုပ်ငန်းများမှ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ရာ ရာနှုန်းပြည့်ပြီးစီးပါက အိမ်ခြေ ၂၁၀ လူဦးရေ ၁၁၀၆ ဦးအား အကျိုးရှိမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)