MNP ၊ အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကို အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်၊အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ထန်းကုန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း နှင့် လက်ထောက်ပညာရေးမှူး ဦးခင် ဇော် တို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ် နွေးဒါလီနိုင် နှင့် ဆရာကြီး ဦးအေးမင်းဇော် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး အထက(ခွဲ) ထန်းကုန်းကျောင်းမှ Grade-12ကျောင်းသား မောင်စိုင်းသူရ အောင်က လူငယ်နှင့် နည်းပညာ ၊ Grade-10 ကျောင်းသား မောင် ကောင်းမြတ်ခန့်ကလူငယ်နှင့် အားကစား ၊ Grade-12 ကျောင်းသူ မနန္ဒာချိုက လူငယ်နှင့် ကျန်းမာရေး ၊Grade-10 ကျောင်းသူ မချစ်စုအောင် က လူငယ်နှင့် အချိန်၏ တန်ဖိုး စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်သိရှိလိုသည်များအားမေးမြန်းကြရာဦးဆောင်ဆွေးနွေးကြသူများကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းမေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများကို တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment