အစိုးရနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပူးပေါင်းမှုဖြင့် “ခရီးသွားလုပ်ငန်းဖိုရမ်” ကျင်းပပြုလုပ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပူးပေါင်းမှုဖြင့် “ခရီးသွားလုပ်ငန်းဖိုရမ်” ကျင်းပပြုလုပ်သွားမည်





MNP ၊ အောက်တိုဘာ ၄

အစိုးရ - ပုဂ္ဂလိက Technical Group နှင့် Hybrid စနစ်ဖြင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆွဲဆောင်မှုရှိသော ခရီးသွားဆွဲဆောင်ရာနေရာများနှင့် ဘေးကင်းလုံခြုံသော Travel Bubbles များကို ဖော်ထုတ်နိုင်ရေးအတွက် ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပူးပေါင်းမှုဖြင့် “ခရီးသွားလုပ်ငန်းဖိုရမ်”ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ Technical Group အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သော ခရီးသွားကဏ္ဍမှာ ပြန်လည်ဦးမော့လာ လျက်ရှိသော်လည်း နဂိုမူလအခြေအနေသို့ ရောက်ရှိရန်နှင့် အလျင်အမြန် တိုးတက်လာစေရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကဟန်ချက်ညီညီ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆွဲဆောင်မှုရှိသော ခရီးသွားဆွဲဆောင်ရာနေရာများနှင့် ဘေးကင်းလုံခြုံသော Travel Bubbles များကို ဖော်ထုတ်နိုင်ရေးအတွက် ရေတို၊ ရေရှည်အစီအမံများ ချမှတ်ဆောင်ရွက်သွားနိုင်ရန် အစိုးရနှင့်ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များပူးပေါင်းမှုဖြင့် “ခရီးသွားလုပ်ငန်းဖိုရမ်”ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ခရီးသွားလုပ်ငန်း အလျင်အမြန်တိုးတက်လာစေရေးအတွက် အားလုံးဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ခရီးသွားလုပ်ငန်းဖိုရမ်နှင့်ပတ်သက်၍ ဆောင်ရွက် မည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်က working group အဖွဲ့များ၏ အပတ်စဉ်ဆွေးနွေးချက်များကို ကောက်နုတ်တင်ပြပြီး အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးက ရှေ့ဆက် လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဆွေးနွေးပြောကြားကာ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ပုဂ္ဂလိက working group အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)