ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ အောက်တိုဘာ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင်  စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူလူငယ်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာရေးဆရာ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်မှ “ရှင်သန်တိုးပွားချစ်ခြင်းတရား” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ Book Club အဖွဲ့ဝင် ဒေါ်ဝါဝါမြတ်မှ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးပြီး၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်အတာစိုးမှ “ခဏလောက်စောင့်ပါဦး” ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့ကြပါသည်။


ထို့နောက် စာပေချစ်မြတ်နိုးသူ ကျောင်းသားလူငယ်များအဖွဲ့(Book Club, Youth Club)မှ အဖွဲ့ဝင်များဖြစ်သော မောင်မြတ်မဟာမှ “ရှုမဆုံးတော့သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမွန်ပြည့်မှ “အမေဆိုတာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်သီဟမှ “လမ်းလျှောက်ထွက်ကြမယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်မြင့်မြတ်မှ “မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလင်းလက်ဖူးမှ “ဘာကြောင့်မေ့တာလဲ”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ရာ အလကခွဲ(၂) ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ကျော်မှ ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပြီး အသိပညာဗဟုသုတများကို အပြန်အလှန်မျှဝေခဲ့ကြကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)