လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန်ကျုံပျော်တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန်ကျုံပျော်တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်


MNP ၊ အောက်တိုဘာ  ၄

 လူငယ်များ ဗလငါးတန် ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့နယ်၊ လှည်းဆိပ် အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာ ၃ ရက် ‌နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်နွယ်စိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုစကားဝိုင်းဆွေးနွေးပွဲမှ ဗဟုသုတများကို လေ့လာမှတ်သားကြရန်နှင့် အနာဂတ်အတွက် အားထားရသည့် သားသမီးရတနာများဖြစ်အောင် ပညာသာမက ဗဟုသုတပါ ပြည့်စုံကြသူများဖြစ်ကြစေရန် ကြိုးစားဖို့လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန်းသန်းစိုးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍၎င်း၊ ဗလငါးတန်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ဆောင်ရွက်သင့်သည်များကို၎င်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မိုးမင်းသန်း၊ Grade (10)မှ နော်ကြာဖောစေး၊ နန့်ချစ်မြတ်နိုးနှင့်၊ မောင်မြင့်ပိုင်စိုးတို့က ဦးဆောင်ဆွေးနွေးသူများ အဖြစ်ပါဝင်ဆောင်ရွက်ပြီး၊ လူငယ်နှင့် စည်းကမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားကစား စသည့် အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးကြသည်။ ဆက်လက်၍ တက်ရောက် လာကြသောကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များအားမေးမြန်းရာ ဦးဆောင်ဆွေး‌နွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။


ထို့နောက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ၊ ရသစာအုပ် စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။


အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ လှည်းဆိပ် အ.ထ.ကမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ စကားပြောစွမ်းရည်ပြည့်ဝပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးခင်မင်ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


လပြည့်ဦး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)