ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်အတွင်းရှိ ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး



MNP ၊ အောက်တိုဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။


ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးထွေးကိုကိုနှင့် တာဝန်ရှိသူများက ပဆငမှ ဘဲချောင်းရွာဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ပဆငမှ ကြခတ်ကုန်း-ကျောင်းစု-ကလလမ်း ကွန်ကရစ်ခင်းခြင်း၊ ပဆငမှ မဲဇလီရွာဝင်လမ်း ကျောက်ခင်းခြင်းလုပ်ငန်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ဝါးခယ်မမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) (တာဝန်) ဒေါ်အေးအေးခိုင်နှင့် မြောင်းမြခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သန္တာဝင်းတို့က လမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ၂၀၂၄_၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားသည့် ပဆငမှ ကြခတ်ကုန်း‌-ကျောင်းစု-ကလလမ်းပေါ်ရှိ ကြခတ်ကုန်းတံတား (၆၀'×၂၀') တည်ဆောက်ခြင်းလုပ်ငန်းအပိုင်း (၁) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)