မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မကွေးတက္ကသိုလ်၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင်များအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် မကွေးတက္ကသိုလ်၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင်များအား ကြည့်ရှုအားပေး




MNP ၊ အောက်တိုဘာ  ၅

မကွေးတိုင်းဒေသကြီး အနေဖြင့်(၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မိမိတို့ ရိုးရာယဉ်ကျေးမှုများအား ဖော်ထုတ်ထိန်းသိမ်းနိုင်ပြီး မျိုးဆက်သစ် လူငယ်များကို လက်ဆင့်ကမ်းနိုင်စေရန်နှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ မကွေးတက္ကသိုလ်တွင် စခန်းသွင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိ သူများလိုက်ပါကာ အောက်တိုဘာလ ၄ ရက် ယမန်နေ့ ညနေပိုင်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နေပြည်တော်တွင် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပဆောင်ရွက်မည့် ဗဟိုအဆင့်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ မကွေးတက္ကသိုလ်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည့် ပြိုင်ပွဲဝင်များအား သွားရောက်တွေ့ဆုံ၍ ဗဟိုအဆင့်ပြိုင်ပွဲဝင်ယှဉ်ပြိုင်နိုင်ရေး အဆို၊ အက၊ အရေး၊ အတီးလေ့ကျင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။


ထိုသို့တွေဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအနေဖြင့် မလျော့သောဇွဲ၊ စွဲမြဲ သော ဝါသနာဖြင့် ကြိုးစားမှုတို့ကြောင့် အနုပညာအရည်အသွေးများ ဗဟိုအဆင့် တက်လှမ်းရန် အားရဖွယ် တွေ့မြင်ရကြောင်း၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားမှု ပိုမိုတိုးတက်ဖြစ်ထွန်းရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အနုသုခုမဂီတပညာဖြင့် တစ်တပ်တစ်အား ပါဝင်လက်တွဲဆောင်ရွက်ရေး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား ရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဆက်လက်ကြိုးစားကြရန်နှင့် မကွေးတိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန် မှာကြားကာ ပြိုင်ပွဲဝင်များ အဆင်ပြေစွာဖြင့် နေထိုင်စားသောက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် အခြား လိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                 


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)