ဘေရွတ်၊ အောက်တိုဘာ ၆
ဆီးရီးယားနိုင်ငံ Homs မြို့ရှိ စစ်သင်တန်းကျောင်းကို အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၈၀ ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံ၏ ကျန်းမာရေးဝန်ကြီး Hassan al-Ghabbash က ပြောကြားခဲ့သည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် ကလေးခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦးအပါအဝင် လူ ၈၀ သေဆုံးခဲ့ကြောင်း ၎င်းက Al-Ekhbariyah ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်အရ လူပေါင်း ၂၄၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Ref - TASS
https://t.me/MyanmarNationalPost

No comments:
Post a Comment