ယုံကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ကျီကျွမ်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယုံကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ကျီကျွမ်း ပြောကြား




MNP ၊ အောက်တိုဘာ ၁၅

NCA လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံတကာအသိသက်သေများ၏ကိုယ်စားလှယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ကျီကျွမ်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် ဂုဏ်ပြုစကား -

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ (၈) နှစ်မြောက် အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။

 

"ငြိမ်းချမ်းရေးသည် အဖိုးတန်" ဟု တရုတ်စကားပုံတစ်ခုရှိပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး သာယာဝပြောရေးတို့အတွက် မရှိမဖြစ် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးသည် ပြည်သူများ၏ ဆန္ဒနှင့် လိုက်လျောညီထွေရှိရုံသာမက မြန်မာပြည်သူ တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားလည်း ဖြစ်ပါတယ်။


တရုတ်နိုင်ငံ က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ် ထောက်ခံခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လိုအပ်ချက်များကို လေးစားမှုအပြည့်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအား တက်ကြွစွာ ထောက်ခံအားပေးလိုပါတယ်။


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ မှတ်တိုင်အဖြစ် ရှုမြင်ပါတယ်။ ပွင့်လင်းမြင်သာမှု၊ ပေါင်းစည်းမှု၊ လိုက်လျောညီထွေရှိမှုနှင့် လက်တွေ့ကျမှုတို့အပေါ် အခြေခံ၍ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်သူအားလုံးသည် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် အဆုံးတွင် ထာဝရငြိမ်းချမ်းရေးရရှိစေမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပခြင်းဖြင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ခိုင်မြဲစွာစတင်နိုင်မည်ဟု ယုံကြည်ပါသည်။


အားလုံးသိကြတဲ့အတိုင်း တရုတ်နဲ့ မြန်မာဟာ တောတောင်ရေမြေ ဆက်စပ်နေပြီး ထူးခြားတဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို နက်ရှိုင်းလှပါတယ်။ တရုတ်နိုင်ငံသည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကို အမြဲ တန်ဖိုးထားခဲ့ပြီး မြန်မာ ပြည်သူတစ်ရပ်လုံးနှင့် ရင်းနှီးသော ဆက်ဆံရေး မူဝါဒကို လက်ကိုင်ထားပါတယ်။ ယုံကြည်စိတ်ချရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် မြန်မာနိုင်ငံနှင့် လက်တွဲဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်သွားလိုပါတယ်။ 


ထို့အပြင် “Belt and Road Initiatives – BRI” ပရောဂျက်များကို အရှိန်မြှင့်ခြင်းဖြင့် နှစ်နိုင်ငံစလုံးသည် “တရုတ်-မြန်မာ မျှဝေခံစားသော အနာဂတ်အသိုက်အဝန်း” ၏ အနှစ်သာရကို အပြည့်အဝ ရရှိနိုင်မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသား ဂုဏ်သိက္ခာကို ကာကွယ်ရန် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုများနှင့် နိုင်ငံတကာ နယ်ပယ်များတွင် တရားဝင်အခွင့်အရေးများ၊ အကျိုးစီးပွားများ နှင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ရန် တရုတ်နိုင်ငံက ထောက်ခံပါတယ်။ နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်သော ထောက်ခံအားပေးမှုများ ရှိလာမည်ဟုလည်း တရုတ်နိုင်ငံက ရိုးသားစွာ မျှော်လင့်ပါတယ်။


နှစ်နိုင်ငံစလုံးသည် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ခံစားပြီး အိမ်နီးချင်းကောင်းများအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ယုံကြည်ပါတယ်။ တရုတ်နိုင်ငံသည် ယုံကြည်စိတ်ချရသော အိမ်နီးချင်းကောင်းအဖြစ်သာမက မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းအဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနှင့် မြန်မာနိုင်ငံ တိုးတက်ကောင်းမွန်လာပါစေ၊ နိုင်င့တော် ရေရှည်တည်ငြိမ်အေးချမ်းပါစေလို့ မျှော်လင့်ကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)