MNP ၊ အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် အောက်တိုဘာ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကြယ်စင်ဖြူ မူလတန်းကြိုကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပကြောင်းသိရသည်။
ကြယ်စင်ဖြူ မူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူလေးများက ပျော်ရွှင်စွာ ဆေးရောင်ခြယ်သကာ ပြိုင်ပွဲကြပြီး ဆုရရှိသည့် ကျောင်းသားကျောင်းသူလေးများအား ကျောင်းတာဝန်ခံဆရာမများက ကျောင်းဝတ်စုံတစ်စုံစီ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကြယ်စင်ဖြူ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်နန္ဒာလှိုင်အား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား မေးမြန်းရာ“ကျောင်းသားကျောင်းသူလေးများအား အသိဉာဏ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူလေးများမှာ ငယ်ရွယ်နေသည့်အတွက် လက်ချောင်းလေးများ သန်မာလာစေရန်နှင့် မိမိတို့သင်ကြားပေးသော သင်ခန်းစာများအား လေ့လာမှတ်သားနိုင်မှုစွမ်းရည်များ စိစစ်ခြင်းဖြစ်ကြောင်း” ပြောကြားသည်။
သီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment