မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



MNP ၊ အောက်တိုဘာ  ၆

မိုင်းရယ်မြို့တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အငြိမ်းစားဆရာကြီး/ဆရာမကြီးများနှင့် ပညာရေးဝန်ထမ်းများအား ဂါရဝပြုပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။


ဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/သူများက “မြတ်ဆရာ”သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။


ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုးမင်းအောင်ကလည်းကောင်း၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူးတာဝန်ခံ ဦးမျိုးဇော်ဦးတို့ကလည်းကောင်း ဖတ်ကြားခဲ့ကြသည်။


ကျော်ဇင်ထိုက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)