လဟယ်မြု့တွင် ဗလငါးတန်နှင့် ပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဟယ်မြု့တွင် ဗလငါးတန်နှင့် ပြည့်စုံစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊ အောက်တိုဘာ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူငယ်များ  ဗလငါးတန် ပြည့်စုံစေရန်နှင့် ဘက်စုံဖွံ့‌ဖြိုးစေရန်ရည်ရွယ်၍ လူငယ်များ အသိပညာပေး ပောပြောပွဲအခမ်းအနားကို ယ‌နေ့ နံနက် (၁၀)မြို့မရပ်ကွက် အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဦီးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်မှ ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူငယ်များဘက်စုံ ဖွံ့ဖြိုးရေး အတွက် ဗလငါးတန်ပြည့်စုံရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်ပြီး လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝိုင်းအောင်က ရာသီလိုက်ဖြစ်ပွားတက်သော ရာသီတုပ်ကွေးရောဂါအကြောင်းနှင့် ပတ်သက်၍ ပောာပြောသည်။ ထို့နောက်မြို့နယ် ပြန်/ဆက် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်မဉ္ဇူအေးမှ စာဖတ်ခြင်းနှင့် ကြီးမြင့်နိုင်မည် ခေါင်းစဉ်ဖြင့် ဟောပြောပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ ရသစာအုပ်၊ စာစောင်များကို စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးရှားဆက်နှင့် ရုံးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာဝိုင်းအောင်၊ မူလွန်မြို့မ ကျောင်းအုပ်ဆရာမကြီး ဒေါ်အယ်ရန်းနှင့် ဆရာ/မများ ကျောင်းသား/သူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)