ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲသို့တက်ရောက်




MNP ၊ အောက်တိုဘာ  ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ လွိုင်ကော် ကျောင်းခွဲ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြ ကျေးရွာအတွင်းရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဆင်းမည့် သင်တန်းသူများအနေဖြင့် မိမိတို့ဒေသမှ တီထွင် ကြံဆမှုများနဲ့ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြီး အောင်မြင်တဲ့ လုပ်ငန်းရှင်များ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ဒါမှသာ မိမိတို့ မိသားစု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားတဲ့ အခြေအနေ များကို ဖန်တီးနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်ခဲ့တဲ့ ပညာရပ်များကို ပိုမို တတ်မြောက်ကျွမ်းကျင်အောင် ဆက်လက်ဆည်းပူး သွားကြစေ လိုကြောင်း၊ တတ်မြောက်ခဲ့တဲ့ အတတ်ပညာ၊ နည်းပညာတွေနဲ့ မိသားစု တစ်ခုမှသည် ကျေးလက်ဒေသ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် အိမ်တွင်းမှု စက်ချုပ်လုပ်ငန်းများ ပိုမိုတိုးတက် ထိရောက်အောင် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ မိတ်ဆွေ သူငယ်ချင်းများကိုလည်း အိမ်တွင်းမှုအတတ်ပညာရပ်များကို လက်ဆင့်ကမ်း ဖြန့်ဝေပေးကြစေလိုကြောင်း၊ မိမိတို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာလည်း အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ အမျိုးသမီးစွမ်းဆောင်ရှင်များအဖြစ် တာဝန်ထမ်းဆောင်နိုင်သူများ ဖြစ်အောင် ကြိုးစားသွား ကြစေလိုကြောင်းနှင့် သင်တန်းကျောင်းအုပ်နှင့် နည်းပြဆရာမများ ဘက်ကလည်း နောင်ဖွင့်လှစ်မည့် သင်တန်း တွေအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြ ရန်နှင့် ခေတ်နဲ့လိုက်လျောညီထွေမှုဖြစ်အောင် လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆု ရရှိသူအား ဆုချီးမြှင့် ပေးအပ်သည်။ ထို့နောက်  ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးရွှေဝင်းက သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်တစ်ဦးမှ လက်ခံရယူပြီး သင်တန်းဆင်း သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်းက သင်တန်းဖွင့်လှစ်မှု မှတ်တမ်းအား ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များက ခင်းကျင်းပြသ ထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြပြီး နောက်သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။


အဆိုပါ သင်တန်း၌ သင်တန်းသူ(၃၅)တို့အား မေလ ၈ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြာင်း သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)