သံတွဲမြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့သန့်ရှင်းသာယာလှပရေးသန့်ရှင်းရေးဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်တွင် သံတွဲမြို့ ရွှေနံတော်ဘုရားရင်ပြင်တွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်သားများ စုပေါင်း၍  ရွှေနံတော်ဘုရားရင်ပြင်ရှိ မြက်များ၊ ခြုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်ကောက်ခြင်းများကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေး ကားဖြင့် စနစ်တကျ စွန့်ပစ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ် ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရ သည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)