ဟားမတ်စ်လှုပ်ရှားမှုသည် အစ္စရေးကို စစ်ကြေညာပြီး တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားမတ်စ်လှုပ်ရှားမှုသည် အစ္စရေးကို စစ်ကြေညာပြီး တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန ပြော


တယ်လီအေဗွီ၊ အောက်တိုဘာ ၇

အစွန်းရောက် ပါလက်စတိုင်းတို့၏ ဟားမတ်စ် လှုပ်ရှားမှု က အစ္စရေး ကို စစ်ကြေညာ ခဲ့ပြီး အစ္စရေး စစ်တပ် က ရန်သူ ကို တုန့်ပြန် နေတယ် လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး Yoav Galant က ပြောပါတယ်။

“ဟားမတ်စ် လှုပ်ရှားမှုဟာ ဒီမနက်မှာ ကြီးမားတဲ့ အမှားတစ်ခု လုပ်ခဲ့ပြီး အစ္စရေးနိုင်ငံကို စစ်ပွဲ စတင်ခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေဟာ နေရာတိုင်းမှာ ရန်သူကို တုန့်ပြန်တိုက်ခိုက်နေပါတယ်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။

Yoav Galant သည် ယနေ့ နံနက်ပိုင်းက စတင်ခဲ့သော ဂါဇာကမ်းမြှောင်မှ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကြားတွင် အစ္စရေးအလယ်ပိုင်းနှင့် နိုင်ငံတောင်ပိုင်းတို့တွင် အထူးလုံခြုံရေးအခြေအနေတစ်ရပ်ကို ကြေညာရန်လည်း အမိန့်ပေးခဲ့သည်။

ပါလက်စတိုင်းနယ်မြေအတွင်းမှ ဒုံးကျည်များဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဂါဇာကမ်းမြှောင်မှ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အခြားအစ္စရေးနိုင်ငံသား ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

ပါလက်စတိုင်းစစ်သွေးကြွအုပ်စုများသည် အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည် ၅၀၀၀ ပစ်ခတ်ခဲ့ကြောင်း ပါလက်စတိုင်းဟားမတ်စ်လှုပ်ရှားမှုအဖွဲ့  ကိုယ်စားလှယ်များ၏ ပြောကြားချက်ကို ကိုးကား၍ Al-Arabiya TV က ဖော်ပြခဲ့သည်။

အစ္စရေးနိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ သုံးနာရီကျော်ကြာ ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သတိပေးတဲ့ ဥသြသံတွေ ထွက်ပေါ်လာခဲ့သည်။

တဲလ်အဗစ်အာဏာပိုင်များသည် မြို့တွင်းရှိ လူမြင်ကွင်းပွဲများအားလုံးကို ဖျက်သိမ်းကာ မြို့၏ကမ်းခြေများကို ပိတ်ရန် ဆုံးဖြတ်ခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)