သံတွဲခရိုင်လူထုအ‌ခြေပြုဗဟိုဌာန(Community Cente) ၌ အမျိုးသမီးအဖွဲ့(Women Club)နှင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအ‌ခြေပြုဗဟိုဌာန(Community Cente) ၌ အမျိုးသမီးအဖွဲ့(Women Club)နှင့် စာဖတ်ဝိုင်းကျင်းပ




MNP ၊ အောက်တိုဘာ  ၇

ရခိုင်ပြည်နယ်၊သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် ၇လူထု အခြေပြုဗဟိုဌာန  (Community Centre)၌ အမျိုးသမီးအဖွဲ့(Women Club) နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။


  ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမခင်စောတင့်ရေးသားသည့် “ဘဝအသစ်ရဲ့အစများ” ဆောင်းပါးမှ “မုသားစကား မဆိုချင်ပါ” အကြောင်း သိကောင်းစရာများကို ဖတ်ကြား ဆွေးနွေး ခဲ့သည်။


၎င်းနောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ဒေါ်ခင်မူ က “ခလုတ်တိုက်မိတဲ့အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ဒေါ်သင်းသင်းမာ က “ဘယ်သူမှန်ပါသလဲ”ဒေါ်ခင်ညိုရင်က “အမြင်ချင်းတော့မတူပါလေ”မမြတ်စုဟန်က “ကြွက်ကလေးပေးတဲ့သင်ခန်းစာ” ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေနွေးခဲ့ကြရာ လက်ထောက် ညွှန်ကြားရေးမှူး က ဖတ်ကြားဆွေးနွေးမှု များအပေါ်  ပြန်လည် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။


            ထို့အပြင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေး ဟောပြောပွဲများနှင့် ဆွေးနွေးပွဲ ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။


   သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)