MNP ၊ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအပေါ် “ယခုကဲ့သို့စားသောက်ရေးအခက်အခဲဖြစ်ပေါ် နေချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည့်တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း နှင့် ဆက်လက်၍လည်းလာရောက်ရောင်းချပေးစေလိုပါကြောင်း” ဈေးလာရောက်ဝယ်သူသည့် ပြည်သူ တစ်ဦးမှ ပြောကြားသည်။ ယင်းသို့ ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဝက်သား၊ ကြက်သား၊ ဘဲသား နှင့် ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူလျက်ရှိရာ ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment