ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေး ခရိုင်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်






MNP ၊ အောက်တိုဘာ  ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက်ပိုင်းက နယ်မြေခံ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ အစိုးရရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးခြံဝင်း အတွင်း/ အပြင် တို့ ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်သည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ရာ၌ ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးခြံဝင်း အတွင်း/အပြင်တို့၌  ပေါက်ရောက်နေသည့် ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရရှိလာသည့်အမှိုက် များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်းနှင့် စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခြင်းများကို ဆောင်ရွက်ကြသည်။


ယင်းသို့ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ရာသို့ ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။



တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)