ဂွမြို့၌ မြို့သန့်ရှင်းသာယာလှပရေး ပြည်သူ့ဆေးရုံဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့၌ မြို့သန့်ရှင်းသာယာလှပရေး ပြည်သူ့ဆေးရုံဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊ အောက်တိုဘာ  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးဇာနည်ကျော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း  စုပေါင်းသန့်ရှင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်၌မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းမှ စစ်သည် များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ကုတင်(၅၀) ပြည်သူ့ဆေးရုံခြံဝန်း အတွင်း၊အပြင်ရှိ မြက်နှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း များကို  စုပေါင်း ဆောင်ရွက် ခဲ့ကြပြီး ထွက်ရှိလာသော အမှိုက်များအား အမှိုက်သိမ်းယာဥ်ဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)