MNP ၊ အောက်တိုဘာ ၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်း မြို့၌ လေယာဉ်ကွင်းရပ်ကွက်၊ အမှတ်(၃)အထက ကျောင်းခြံဝန်းအတွင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ခြုံနွယ် ပေါင်းမြက်များခုတ်ထွင်ရှင်း လင်းခြင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကြီး ကြပ်မှုဖြင့် စုပေါင်းဆောင်ရွက်ခဲ့သည်။
အမ်းမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာယာလှပရေး၊ မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် လေယာဉ် ကွင်းရပ်ကွက်၊အမှတ်(၃)အထက ကျောင်းခြံဝန်းအတွင်းတွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဦးဆောင်၍ ခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြီး ကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment