MNP ၊ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဈေးတန်းရပ်ကွက်ရှိ (ရှမ်းရိုးမ) ကုန်စုံဆိုင်မှ ဦးမိုးဇော်အောင်(ခ)ကိုသားကြီး၊ ဒေါ်မူမူစိန် မိသားစုတို့က ၎င်းဆိုင်ရှေ့တွင် ယမန့်နေနံနက်ပိုင်းက စားအုန်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ရောင်းချပေးတာ တစ်ဖက်တစ်လှမ်းက ပြည်သူများအတွက် စားဝတ်နေရေး အထောက်အကူရစေရန် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် စားအုန်းဆီ (၅၀)ကျပ်သား တစ်ဗူးလျှင် (၂၆၅၀)ကျပ်နှုန်း၊ လူတစ်ဦးလျှင် (၅၀) ကျပ်သားနှုန်းဖြင့် ဆီပိဿာ(၁၂၀)ပိဿာအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်းရှိ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment