ပေါင်းတည်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ


MNP ၊ အောက်တိုဘာ    ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပြည်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည်။


ဆွေးနွေးပွဲသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အတွင်းမှ စားသောက်ဆိုင်အထွေထွေရောင်းဝယ်ရေး၊ စတိုးဆိုင်၊ အခြားလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွဋ်ခိုင် က ကလေးအလုပ်သမားများနှင့် ၄င်းတို့အား အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းကို ကာကွယ်တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ယင်းဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့် က အလုပ်ရုံနှင့်အလုပ်သမားဥပဒေများကို ပရိုဂျက်တာနှင့် ရှင်းလင်းပြောကြားကာ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမြင့်စိုး က ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးကြသည်။


ယင်းနောက် လုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းဆွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)