အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍ ကြိုတင်ဆောင်ရွက်နိုင်ရေး အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်တိုးရရှိရေး တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍ ကြိုတင်ဆောင်ရွက်နိုင်ရေး အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်တိုးရရှိရေး တောင်သူအသိပညာပေးဆွေးနွေးပွဲပြုလုပ်


MNP ၊ အောက်တိုဘာ  ၁၈

အယ်နီညိုရာသီဥတုဖြစ်စဉ်အပေါ် စိုက်ပျိုးရေးကဏ္ဍ ကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူအသိပညာပေးဆွေးနွေးပွဲကို နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ရွာဝိုင်းကျေးရွာအုပ်စု၊ ရွှေဖလားကျေးရွာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးလှမိုးက အယ်နီညိုရာသီဥတုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးရာ ပုံမှန်မဟုတ်သည့် မိုးလေဝသဖြစ်စဉ်ကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှု၊ ထွက်နှုန်းအရည်အသွေးကျဆင်းမှု မဖြစ်စေရန်အတွက် ကြိုတင်ဆောင်ရွက်ကြရန်၊ ဆောင်းသီနှံပဲတီစိမ်း၊ မတ်ပဲသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန်၊ သက်လျင်အထွက်ကောင်းမျိုးများ အသုံးပြုခြင်း၊ ရေငတ်ဒဏ်အပူဒဏ်ခံနိုင်သည့်မျိုးများ စုဆောင်းအသုံးပြုခြင်း၊ စက်ကိရိယာကြိုတင်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေညီ ရိတ်သိမ်းခြွေလှေ့ခြင်း၊ ရေကိုအလေအလွင့်နည်းအောင် အသုံးပြုခြင်း၊ နွေစပါးသက်တမ်းတိုမျိုးများ စိုက်ပျိုးခြင်း၊ ရေမြောင်းစနစ်ဖြင့်စနစ်တကျ အသုံးပြုခြင်း၊ စိုတစ်လှည့်ခြောက်တစ်လှည့် စနစ်များဖြင့်စိုက်ပျိုးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးသည်။ ထို့နောက် ဒုတိယသီးနှံစိုက်ပျိုးမှုတွင် ကြုံတွေ့လာနိုင်သည့် ပြဿနာအခက်အခဲများကို ကျော်လွှားနိုင်ရန် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့များနှင့် ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် တောင်သူများသို့ ထပ်ဆင့်ကြိုတင် တိုက်တွန်းနှိုးဆော်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အခမ်းအနားတက်ရောက်လာသည့် တောင်သူများမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။      


တင့်ဆွေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)