MNP ၊ အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြို့မစျေးကြီး၌ ယနေ့နံနက် ၉နာရီခွဲက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှု၌ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်ဝင်းနှင့်အတူ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင်များလိုက်ပါလျက် စျေးရုံများအတွင်းရှိ ဆိုင်ခန်းများ၊ စျေးရုံအပြင်ဘက်တန်းဆိုင်ခန်းများနှင့် လေဟာပြင်စျေးတန်းတို့တွင် အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်ခြင်း ရှိ၊ မရှိ၊ လျှပ်စစ်မီးကြိုးများ၊ ခလုပ်ခုံများကောင်း၊ မကောင်း၊ မီးသတ်ရေလှောင်ကန်များ၊ ရေစုတ်စက်နှင့် ဆိုင်ခန်းများရှိ မီးသတ်ဆေးဗူးများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စျေးသူ၊ စျေးသားများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost
No comments:
Post a Comment