ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာ​ရေးစောင့်ရှောက်မှုပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တိုင်းရင်းဆေးဖြင့် ကျန်းမာ​ရေးစောင့်ရှောက်မှုပေး


MNP ၊ အောက်တိုဘာ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအား ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို  အောက်တိုဘာလ(၁၈)ရက်နေ့၊  နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများမှ ဖြူးမြို့ ဘိုးဘွားရိပ်သာရှိ အဘိုး(၇)ဦး၊ အဘွား (၃၃)ဦးတို့အား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ နှလုံး၊ ဆီးချိုသွေးချို စစ်ဆေးပေးခြင်းနှင့် လက်တလောဖြစ်ပေါ်နေသည့် ကျန်းမာရေးအခြေအနေများကိုစစ်ဆေးကာ လိုအပ်သည့်တိုင်းရင်းဆေးများ ပေးခြင်းဖြင့် ကျန်းမာ​ရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)