ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ






MNP ၊ အောက်တိုဘာ  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများအား မီးပေါ့ဆမှု မရှိရေးနှင့်မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးပိုစတာများကို ယမန်နေ့ မွန်းလွဲပိုင်း က အများပြည်သူသိရှိနိုင်စေရန် လမ်းဆုံနေရာများတွင် စိုက်ထူခဲ့သည်။ 


အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်တွင် “သင့်ကြောင့် မီးမလောင်ပါစေနှင့်” ၊ မီးဘေးအန္တရာယ်ကြုံတွေရလာပါက ဆက်သွယ်နိုင်ရန် အရေးပေါ် ဖုန်းနံပါတ်များ စသည့် အသိပညာပေးပိုစတာများကို အများပြည်သူမြင်သာသည့် လမ်းဆုံနေရာများဖြစ်သော မြို့အဝင် လမ်းဆုံ၊ အဝေးပြေးကားကြီးဝင်းလမ်းဆုံ၊ အလယ်ပိုင်းရပ်ကွက် နာရီစင်အဝိုင်းပတ် လမ်းဆုံ၊ ငလပွေ့ ရပ်ကွက်ရှိ အမြန်ရေယာဉ်ဆိပ်ကမ်းနှင့် အေးမြသာယာကျေးရွာတို့တွင် ကျောက်ဖြူခရိုင်/မြို့နယ် မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်း၍ စိုက်ထူခဲ့ကြကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)