MNP ၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ် ငန်းပညာသင်တန်းကျောင်း၌ လူငယ်အ သိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန် က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ် ငန်းပညာသင်တန်းကျောင်းခန်းမ၌ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက အဆင့်မြင့်အမျိုးသမီး အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင် တန်းမှ သင်တန်းသူများအား မကြာမှီသင်တန်းကာလပြီးဆုံး၍ မိဒေသ ၊စက် ရုံအလုပ်ရုံများ၌ တာဝန်ထမ်းဆောင်ရမည်ဖြစ်၍မိမိတို့နေရာဒေသအသီးသီး၌စိတ်ချမ်းသာစွာနေထိုင်နည်း၊ အခက်ခဲဆုံးဘဝစာမေးပွဲဖြေဆိုနည်းနှင့်စိတ် ဓာတ်ခွန်အားကိုဖြစ်စေမည့် စာပေအ ကြောင်းသိကောင်းစရာများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်၊ စာပေမှပေးသောအသိပညာဗဟု သုတများအကြောင်းအရာများ၊ စာပေဖတ်ရှုသည့် အလေ့အထအလေ့အကျင့် ကောင်း၏အကျိုးကျေးဇူးနှင့် အားလပ် ချိန်များတွင် စာဖတ်ခြင်းဖြင့် မိမိဘဝကို မြှင့်တင်နိုင်ပြီး ရရှိသော အသိဉာဏ်ပ ညာဗဟုသုတများဖြင့် မိမိတို့၏ရပ်ရွာအကျိုးဒေသအကျိုးပြုကြစေရန်၊ အချိန်ကိုအကျိုးရှိစွာအ သုံးချတတ်စေရန်နှင့်လူကုန်ကူးမှုခံရမှုများမရှိစေရေးအတွက်ရှောင်ရန်ဆောင်ရန်အချက်များစသော အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အဆင့်မြင့် အမျိုးသမီးအိမ် တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းမှ သင်တန်းသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာ ပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာမြို့နယ်ဦးစီးအရာရှိက စာစောင်ပါအကြောင်းအရာများနှင့် သိသင့်သိထိုက်သောအကြောင်းအရာများနှင့်သိရှိလိုသည်များအားရှင်း လင်းပြောကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment