အုတ်တွင်းမြို့နယ်စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မွေးမြူရေးဘာသာရပ်လက်တွေ့သင်ကြားပြသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အုတ်တွင်းမြို့နယ်စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မွေးမြူရေးဘာသာရပ်လက်တွေ့သင်ကြားပြသပေး



MNP ၊ အောက်တိုဘာ  ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာ၌ဖွင့်လှစ်ထားရှိသော စိုက်ပျိုး/မွေးမြူရေးအထက်တန်းကျောင်း(ညောင်ခြေထောက်)တွင် ပညာသင်ကြားနေသောကျောင်းသား၊ ကျောင်းသူများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများက မွေးမြူရေးဘာသာရပ်ဆိုင်ရာလက်‌တွေ့ပညာသင်ကြားပေးခြင်းအား ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း၌သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စိုက်ပျိုး/ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၇)ဦးသည် အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ဗောဓိကုန်းကျေးရွာရှိ “လင်း” ဥစားကြက်မွေးမြူရေးခြံသို့သွားရောက်၍ မွေးမြူရေးခြံဆောင်ရွက်ထားရှိမှု၊ ဥစားကြက်မွေးမြူထုတ်လုပ်ခြင်း၊ ကာကွယ်ဆေးထိုးနှံဆောင်ရွက်ခြင်း၊ ကြက်ဥထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် တိရစ္ဆာန်အစာနေပီယာမြက်စိုက်ပျိုးထားရှိမှုအခြေအနေများအား လေ့လာခဲ့ကြရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


 ခင်ခင်မာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)