နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) အစည်း အဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) အစည်း အဝေးသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်တက်ရောက်


MNP ၊ အောက်တိုဘာ  ၅

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းမတီ၏ (၁/၂၀၂၃) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဒေသ ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ဆပ်ကော်မတီတွင် ပါဝင်သည့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေး ချင်းပြည်နယ်လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က (၅−၅−၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်ချက် (၂၁) ချက် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့နှင့် ပတ်သက်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ သက်ဆိုင်ရာကဏ္ဍများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရန်မြှင့်တင် ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှု လက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများရှိပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဖွဲ့စည်းမည့် လုပ်ငန်းကော်မတီများ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသ ဆိုင်ရာလုပ်ငန်းကော်မတီများမှ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည့် မူဝါဒလမ်းညွှန်ချက် များကို ချမှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါကြောင်း၊ ချင်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်း ကော်မတီအနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံချက်များကို ပြုစုရေးသား၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ ထို့သို့ပြုစုတင်ပြရာတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် အကျုုံးဝင်သော စီမံကိန်း လုပ်ငန်းများကို ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာငွေရသုံးဥပဒေ၌ တိတိကျကျ ထည့်သွင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်းဖြင့်အမှာစကားပြောကြားသည်။


နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ချင်းပြည်နယ် လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ချင်းပြည်နယ် လုပ်ငန်းဆပ်ကော်မတီ၏ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုုးရေးဦးစီး ဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ပြည်နယ် ပညာရေးမှူးရုံး၊ ပြည်နယ်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ရသုံးမှန်းခြေဦးစီးဌာနနှင့် ပြည်နယ်ဆည်မြောင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူ များက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။


ထို့နောက် တင်ပြချက်များအပေါ် ချင်းပြည်နယ်လုပ်ငန်းဆပ်ကော်မတီ အတွင်းရေးမှူး၊  ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။       


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)