သထုံမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ







MNP ၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် နွေစပါးနှင့် ဆောင်းသီးနှံများစိုက်ပျိုးကာလ၌ လျာထားဧကများထက်ကျော်လွန်ပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမည့် စီမံကိန်းတာဝန် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့၊ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်က မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံများ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ တာဝန်ရှိသူတို့အနေဖြင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်အောင် စနစ်တကျကြီးကြပ်ဆောင်ရွက်ကြရေးတို့ကို အမှာစကားပြောကြားပြီး မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က နှစ်စဉ်စီမံကိန်းချမှတ်ဆောင်ရွက်နေမှုများနှင့် မိမိတို့ကျေးရွာအလိုက် စိုက်ပျိုးနိုင်သည်တို့ကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် ကျေးရွာပေါင်း(၃၇)ရွာတို့ထံ စီမံကိန်းခန့်အပ်လွှာတို့ကို ပေးအပ်ရာ ကျေးရွာအလိုက် တာဝန်ရှိသူတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


သထုံမြို့နယ်အတွင်း ယခုနှစ် စိုက်ပျိုးရာသီ၌ နွေစပါး ၈၂၄၇ ဧကနှင့် ဆောင်းသီးနှံ ပဲမျိုးစုံ ၁၉၃၇၃ ဧက၊ နေကြာ ၁၀၀၀ ဧက၊ နှမ်း ၃၈၄ ဧကတို့ စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)