MNP ၊ အောက်တိုဘာ ၂၆
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ တိုင်းရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်း နှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန် ၄ မိုင်ရပ်ကွက် ၊ မကျည်းကုန်းကျေးရွာတွင်ပြုလုပ်ခဲ့သည်။
ဦးစွာ ဝေသာလီရပ်ကွက် ရပ်မိရပ်ဖ ဦးစံမောင်သိန်း နှင့် သက်တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦး ဦးဘဦးကတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ် စိန်သန်းကြည်က အမျိုးသမီးအခွင့်အရေး ၊ မသန်စွမ်းသူများ အခွင့်အရေး ၊ ကလေးသူငယ်အခွင့်အရေး ၊ သက်ကြီးရွယ်အို အခွင့်အရေး ၊ ရှေးဦးအရွယ်ကလေးငယ်ပြုစု ပျိုးထောင်ရေး နှင့် ဖွံ့ဖြိုးဆိုင်ရာ မူဝါဒများကို ဟောပြောပြီး ခရိုင်လူမှု ဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဦးဝေယံအောင်က လူမှုရေးရာဖြစ်ရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်း ရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦး မောင်သန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း သိကောင်းစရာများ ၊ ဖွဲ့စည်းပုံအခြေခံဉပဒေပါ တိုင်း ရင်းသား အခွင့်အရေး နှင့် နိုင်ငံသား အခွင့်အရေးများကို ရှင်းလင်းပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများ ကာ ကွယ် စောင့်ရှောက်ရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းဦး ၊ လက် ထောက် ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေတို့က “ရာသီဉတုပြောင်းလဲမှုလျော့ချဖို့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စို့” ခေါင်းစဉ် နှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဉပဒေများကို ရှင်းလင်းပြောကြားခဲ့ကြ သည်။
ယင်းနောက် မောင်တောခရိုင်ပြန်ကြားရေး နှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရေးဟောပြောပြီး တိုင်းရင်းသား အခွင့် အရေးများ ကာ ကွယ် စောင့်ရှောက်ရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက တိုင်း ရင်းသားရေးရာဆိုင်ရာပညာပေးဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်း စစ်စီမံခြင်း စစ်တမ်းကောက်ယူခြင်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost







No comments:
Post a Comment