ဆောင်းတွင်းကာလ ရောက်ရှိတော့မည်ဖြစ်သဖြင့် ရှမ်းရိုးရာခေါပုတ်များ ဈေးကွက်အတွင်း စတင် ရောင်းချလာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆောင်းတွင်းကာလ ရောက်ရှိတော့မည်ဖြစ်သဖြင့် ရှမ်းရိုးရာခေါပုတ်များ ဈေးကွက်အတွင်း စတင် ရောင်းချလာ


MNP ၊ အောက်တိုဘာ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ဒေသထွက် ရှမ်းရိုးရာ ခေါပုတ်ထောင်းများ ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။


ရှမ်းရိုးရာခေါပုတ်ထောင်းများကို မိုးအကုန် ဆောင်းဝင်ခါစကာလတွင် အများအပြား ရောင်းချလေ့ရှိကြပြီး ဒေသထွက်အစားအစာအဖြစ် နယ်ဝေးများရှိ မိတ်ဆွေများသို့  လက်ဆောင်ပေးခြင်း၊ ဒေသခံများအနေဖြင့် သရေစာအဖြစ် သုံးဆောင်ခြင်းများအတွက် ဝယ်ယူလေ့ရှိကြကြောင်း သိရသည်။


“ခေါပုတ်ကို ဆောင်းရာသီမှ ရောင်းတာတော့မဟုတ်ဘူး။ တခြားရာသီတွေမှာလည်း အနည်းငယ်တော့ ရောင်းချလေ့ရှိပါတယ်။ ဆောင်းရာသီမှာတော့ ဒေသခံတွေအနေနဲ့ ‌ဒေသရိုးရာအစားအစာအဖြစ် ပိုပြီးတော့ ရောင်းချလေ့ရှိကြပါတယ်။” ဒေသခံတစ်ဦး ပြောသည်။


ယခင်နှစ်က ခေါပုတ်တစ်ပိဿာပေါက်ဈေး ခုနှစ်ထောင်ကျပ်သာဈေးရှိသော်လည်း ယခုနှစ်တွင် ခေါပုတ်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ထိဈေးရှိကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)