MNP ၊ အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီနှင့်အခြားထောက်ပံ့ပစ္စည်းများ ကျေးရွာအရောက်သွားရောက်၍ ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အထက်ဇိုင်းက နိုင်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျွန်းဦးကျေးရွာနှင့် ဇောင်းယားကုန်း ကျေးရွာများသို့ သွားရောက်ပြီး ရေဘေးသင့်အိမ်ထောင်စု (၁၀၁)စုအတွက် ဆန်၊ ဆီနှင့်အခြားထောက်ပံ့ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြပြီး အဆိုပါကျေးရွာများရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဆန်၊ ဆီနှင့် အခြားထောက်ပံ့ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment