သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ






MNP ၊ အောက်တိုဘာ  ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။


ဟောပြောပွဲတွင် ရှေးဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှရီက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက “စာဖတ်ခြင်း အတတ်ပညာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ၌ ကျောင်းသားကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ကျောင်းစာပညာရပ်များအပြင် ဘဝတိုးတက်ရေးအတွက် စာဖတ်ကြရန်လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားလာမှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး လူငယ်တို့၏အနာဂတ်ဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ လက်ရှိအောင်မြင်နေသူများမှာ စာဖတ်ကြသူများဖြစ်ပါကြောင်း၊ အောင်မြင်လိုပါက အချိန်ကို စီမံခန့်ခွဲတတ်သူ ဖြစ်ရန်လိုပြီး အနာဂတ်အတွက် ရည်မှန်းချက်ထားရှိရမှာ ဖြစ်‌ကြောင်း၊ စိတ်ဓာတ် စည်းကမ်းကောင်းပြီး ရိုးသားကြိုးစားတရားမျှတမှုရှိကာ မေတ္တာတရားဖြင့် ညှာတာထောက်ထားတတ်သူများဖြစ်ရန်လိုအပ်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရမည်ဖြစ်ပြီး၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်စေလိုကြောင်းစသည်ဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြော‌သည်။


ယင်းနောက် ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို ဆွေးနွေးမေးမြန်းကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းပေးခဲ့သည်။


အဆိုပါအခမ်းအနားသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ဆရာဆရာမများ၊ ကျောင်းသား‌ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)